training & development Myanmar
personality training in Yangon

Myanmar's First Image Training Company

အလုပ်အတွက် အရေးကြီးတဲ့ အမူအကျင့်များ

သာမန်လူမဖြစ်ချင်ဘူး။ သူများထက်ပိုပြီးအောင်မြင်ချင်တယ်ဆိုတဲ့လူဟာ အလုပ်လုပ်တဲ့နေရာမှာ ပိုပြီး စည်းစနစ်ကျဖို့လိုပါတယ်။ ကျွန်မကိုယ်တိုင်ရော ရုံးမှာပါကျင့်သုံးလို့ တကယ်အသုံးဝင်တဲ့ နည်းစနစ်တချို့ကို မျှဝေချင်ပါတယ်။

 

(၁) ခေါင်းနဲ့မမှတ်ဘဲ စာအုပ်နဲ့မှတ်ပါ။

ဦးနှောက်က ခဏလေးနဲ့ မေ့တတ်တဲ့အပြင် သက်သေပြစရာမရှိတာမို့ အလုပ်လုပ်တဲ့အခါ စာအုပ်နဲ့ ရေးမှတ်တတ်ခြင်းဟာ အကျင့်ကောင်းတစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် manage လုပ်ဖို့လွယ်သလို သူများနဲ့ meeting လုပ်တဲ့အခါ သို့မဟုတ် ဖြေရှင်းစရာရှိလာတဲ့အခါ စာအုပ်ကိုကိုင်ပြီး စကားပြောလို့ရပါတယ်။

 

(၂) ဖုန်းထဲမှာ၊ email ထဲမှာ သို့မဟုတ် စာအုပ်မှာ schedule ထည့်ပါ။

ကိုယ့်ရဲ့ လုပ်စရာတွေကို စိတ်နဲ့မှတ်တဲ့အခါ အချိန်အတိအကျမဖြစ်တာတို့၊ အချိန်လွဲတာ၊ မေ့သွားတာ အမျိုးစုံဖြစ်နိုင်တာမို့ ကိုယ်အမြဲတမ်းသုံးတဲ့ အနားမှာအမြဲရှိမယ့် အရာတစ်ခုခုမှာ schedule ထည့်ထားသင့်ပါတယ်။

 

(၃) နားမလည်ရင် သေချာပြန်မေးပါ။

သိပ်မရှင်းဘူးလို့ ထင်လိုက်တာနဲ့ ပြန်မေးတဲ့အကျင့်၊ confirm လုပ်တဲ့အကျင့်လေးကို ထားပါ။ မသိတာရှက်စရာမဟုတ်ပါ။ အလုပ်တစ်ခုမှ မပြီးတာက ရှက်စရာကောင်းတာပါ။

 

(၄) ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်အလုပ်ကို ပြန်သုံးသပ်ပါ။

သုံးလနေလို့မှ ဘာမှမတိုးတက်သေးရင် သေချာပါတယ်။ တစ်နှစ်နေလည်း မတိုးတက်နိုင်ပါဘူး။ မတိုးတက်ရင် သေနေတာနဲ့ တူတူပါပဲ။

 

(၅) အချိန်မှန်ပါ။

အချိန်မမှန်တဲ့လူဟာ အလုပ်တော်ပေမယ့် လေးစားခြင်း မခံရပါဘူး။ တခါတရံအလွန်ခက်ခဲလွန်းတဲ့အခါ နောက်ကျတာရှိနိုင်ပေမယ့် အမြဲတမ်းနောက်ကျတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ရော သူများကိုပါ မလေးစားတာနဲ့တူတူပါပဲ။

 

ထက်ရည် (Brand You)

Brand You The Image Training Company

Copyright 2016-2020, All Rights Reserved BrandYou

trainer for image personality
trainer for image personality
trainer for image personality
trainer for image personality

No.132, Yeik Thar 3rd Street, Wayzayantar Garden,

Thingangyun Tsp., Yangon, Myanmar.
contact@brandyou.com.mm
Tel: +95-9-788 1000 46~48​

training & development Myanmar